ဘုရားသုံးဆူမြို့ ကြက်ခြေနီ အသင်းရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဉ် ၁/၂၀၂၂ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဘုရားသုံးဆူ ဧပြီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ဖွင့်ပွဲ အခမ်းအနားအား အမှတ်၃ရပ်ကွက်ရှိ ပြည်ထောင်စုခန်းမ၌ နံနက်၉နာရီအချိန်တွင် စတင်ခဲ့သည်။

အဆိုပါ အခမ်းအနားအား ဘုရားသုံးဆူမြို့ ကြက်ခြေနီအသင်းခွဲ (ငယ်)ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်း၊ ဘုရား သုံးဆူမြို့ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းသားဦးရေ ၄၀ဦးခန့် တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တက်ရောက်လာသည့် တာဝန်ရှိသူများမှ ရှေးဦးသူနာပြုခြင်းနှင့် ပတ်သက်သည့် အသိပညာပေးများအား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်း နှုတ်ဆက်မိတ်ဆက်စကားများ ပြောကြားပြီးနောက် သင်တန်းပို့ချခြင်း အစီအစဉ်အား ဆက်လက်ပြု လုပ်ခဲ့သည်။ ထိုသင်တန်းမှာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ၄ ရက်တိုင်တိုင် သင်ကြားပို့ချ မည်ဖြစ် ကြောင်း သိရသည်။

အောင်သူဟိန်း(ပြန်/ဆက်)