အောင်လံ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကရင်မစမ်းကျေးရွာတွင် ဧပြီလ ၇ ရက်နှင့် ကျောက်စောင်းကျေးရွာတွင် ဧပြီလ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၏ ထောက်ပံ့မှုများကို ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပေးအပ်ခဲ့ရာ ကရင်မစမ်း ကျေးရွာအတွက် အမိုးလန်အိမ်ခြေ(၂၇)လုံး၊ ပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေစုစုပေါင်း (၁၈၃၈၅၀၀/-)နှင့် ကျောက်စောင်းကျေးရွာအတွက် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၁)လုံး၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၅၈၄၀၀/-)ကျပ်တို့အား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတို့မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး ဝန်ထမ်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)