ရေတာရှည်မြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့​ထောက်ပံ့​ပေးအပ်ခြင်းနှင့် မျိုး​​စေ့ကြဲ ပက်ပွဲ ကျင်းပ

ရေတာရှည် ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန်အတွက်   စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့​ထောက်ပံ့​ပေးအပ်ခြင်းနှင့် မျိုး​​စေ့ကြဲပက်ပွဲကို  နေ့ နံနက် ၉ နာရီအချိန်တွင် သပြေတန်း​ကျေးရွာစံပြ စိုက်ကွင်း၌   ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်​အောင်​ဌေးက တောင်သူများအနေဖြင့် နှစ်စဉ် မိုးစပါး၊ နွေစပါး၊ စိုက်ပျိုး တဲ့အခါ စပါးစိုက်မြေတွင် မြေဆီလွှာ မြေဆွေးဓာတ်များ လျော့နည်းလာပြီး မြေဆီလွှာအရည်အသွေး ကျဆင်းလာတဲ့အတွက် မြေဆီလွှာ အတွင်းလိုအပ်သော အာဟာရဓါတ်များကို လုံလောက်စွာ ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်​ကြောင်း၊ ဓာတ်မြေသြဇာအပြင် သဘာဝ​မြေသြဇာဖြစ်သည့် သစ်စိမ်းမြေသြဇာကိုလည်း ထည့်သွင်းအသုံးပြုရန် လိုအပ်ကြောင်း၊ ပိုက်ဆံ​လျှော် သစ်စိမ်း​မြေသြဇာသည် နိုက်ထရိုဂျင် ကြွယ်ဝ​စေပြီး မြေသားတည်ဆောက်မှု ကောင်းမွန်​စေခြင်းတို့​ကြောင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရေရှည်အသုံးပြု ဆောင်ရွက် သင့်​ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်အတွင်းရှိတောင်သူများ လက်ဝယ်သို့အခမဲ့​ထောက်ပံ့ ပေးအပ်ပြီး သပြေတန်း​ကျေးရွာစံပြ စိုက်ကွင်းအတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်​ဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်း၊ စိုက်ပျိုး​ရေးဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးဦးမြတ်မင်း​ထွေး၊ မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ကြဲပက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)