စစ်ကိုင်း ဧပြီ ၂၇
စစ်ကိုင်းမြို့ရှိ ဘုန်တော်ကြီးသင် ပညာရေးကျောင်းများဖြစ်သော လေကျွန်းမြေအုဌ်ကျောင်းတိုက်၊ စိန်ကုန်းရပ်ကွက်ရှိ ဇညကမ္ဘောဇ ကျောင်းတိုက်နှင့် စစ်ကိုင်းတောင်ရိုး အောင်မြေဦး ဘုန်တော်သင်ပညာရေးကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ၊ သာမဏေ/ သီလရှင် ဆရာလေးများ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ စာမေးပွဲများဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာနေရာများသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးကြည်ညိုခဲ့ကြပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့သည်။
“စာမေးပွဲဖြေဆိုတာကတော့ ဧပြီ(၂၅)ရက်နေ့ကနေ (၂၇)ရက်နေ့ထိ(၃)ရက် ဖြေဆိုရတာပါ တစ်ပြိုင်တည်းဖြေဆိုကြတာပါ ဖြေဆိုတဲ့ ဘာသာရပ်တွေကတော့ ပထမနေ့မှာ ယဉ်ကျေ;လိမ္မာ ဘာသာရပ်၊ ဒုတိယနေ့မှာ မြန်မာစာဘာသာရပ်၊ တတိယနေ့မှာ အဘိဓမ္မာဘာသာရပ်ပါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းသား/ ကျောင်းသူလူငယ်တွေ/ သာမဏေ/ သီလရှင် လေးတွေကို ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေသိရှိစေရန်နဲ့ ယဉ်ကျေးလိမ္မာမှုတွေ ရရှိအောင် နှစ်စဉ် သင်ကြားပေးလျက်ရှိပါတယ်”ဟု လေးကျွန်းမြေအုဌ် ကျောင်းတိုက် ပဓာနမာယကဆရာတော်က မြွတ်ကြား၍သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)