စလင်းမြို့နယ်အတွင်း အစေ့ထုတ် နေကြာစိုက်ပျိုးရန်နှင့် စိုက်ပျိုးရေရရှိရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်

စလင်း ဧပြီ  ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဏာနှစ်တွင်း အစေ့ထုတ်နေကြာ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေရရှိရေးတို့အတွက် ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံတောင်သူများ တွေ့ဆုံ၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းလက်တံမြောင်း ရေပေးဝေမည့် လက်တံမြောင်း အဆောက်အဦးများနှင့် မြောင်းတူးဖော်မှု စိုက်ပျိုးရေရရှိရန် ဆောင်ရွက်နေမှုနှင့်၂၀၂၂-၂၀၂၃ ခုနှစ်တွင်း အစေ့ထုပ်နေကြာများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ကြစေပြီး မိမိတို့တိုင်း မြို့နယ်အတွင်း စားသုံးဆီဖူလုံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်အဖွဲ့ဝင် ဦးစိန်လင်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်တို့ ပူးပေါင်၍ အစေ့ထုတ်နေကြာ စိုက်ပျိုးရန်လျာထားသော ကျေးရွာများ စိုက်ပျိုးရေရရှိရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကျေးရွာနေဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေးနှင့် အချိန်မှီနေကြာစိုက်ပျိုးနိုင်ရေး မိမိတို့တိုင်းဒေသ မြို့နယ်များအတွင်း စားသုံးဆီဖူလုံနိုင်ရေးအတွက် စိုက်ပျိုးဧကများ တိုးချဲ့ စိုက်ပျိုးသွားကြရန်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူးမှ ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြဆွေးနွေးမှုများကိုလည်း အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆည်မြောင်းတာဝန်ရှိ သူများပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်းကို ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထံမှသိရှိရသည်။

မောင်လွင်(စလင်း)