မြို့သစ်မြို့နယ်၌ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးသူများလာ

မြို့သစ် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ငရုတ်သီးကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ ဈေးကောင်းရရှိသဖြင့် ယခုအခါ စီးပွားဖြစ် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ယခင်က ငရုတ်သီးကို မိသားစုအပိုဝင်ငွေရရှိရေး စိုက်ပျိုးခဲ့ရာမှ ယခုအခါ မြို့သစ်မြို့ စျေးကွက်နှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချရသဖြင့် စီးပွားဖြစ် စိုက်ပျိုးခဲ့ကြောင်း၊ ငရုတ်သီးမျိုးစေ့ နို့ဆီတစ်ဗူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရပြီး (၁၂ဗူး)လျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း မြို့သစ်မြို့နယ်မှ ငရုတ်စိုက်တောင်သူ တစ်ဦးထံကသိရသည်။

ငရုတ်သီးကို နှစ်စဉ်ဇန်နဝါရီလတွင်စတင်၍ ပျိုးထောင်စိုက်ပျိုးကြပြီး ဧပြီတွင် ဆွတ်ခူးရောင်းချ၍ ရပြီဖြစ်သဖြင့် (၄)လခန့်သာ ကြာမြင့်ကြောင်း၊ ငရုတ်စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)