ကျောင်းကုန်းမြို့တွင် e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းအား ကြီးကြပ်ဆောင်ရွက်

ကျောင်းကုန်း  ဧပြီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်းများကို ယနေ့  နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃)မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးအောင်စိုးတို့က သွားရောက်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး  e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများအား ဌာနဆိုင်ရာဝန်ထမ်း (၁၈)ဦး၊ ကွန်ပျူတာ(၁၀)လုံးဖြင့် နေ့စဉ်မှတ်တမ်း စိစစ်ဖြည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)