ကံမ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များသည် သရက်ခရိုင် ကံမမြို့သို့ ယမန်နေ့ နေ့လည်က ရောက်ရှိပြီး မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များမှ မသန်စွမ်း ကလေးငယ်များအား ထောက်ပံ့ငွေနှင့် အာဟာရမုန့်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပသည် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာစိုးနှင့် အဖွဲ့ဝင်များနှင့်အတူ အမှတ်(၁)ရပ်ကွက်မှ ကလေးငယ်တစ်ဦး၊ အမှတ်(၃) ရပ်ကွက်မှ ကလေးငယ်တစ်ဦးနှင့် အမှတ်(၄)ရပ်ကွက်မှ ကလေးငယ်တစ်ဦးတို့အား ထောက်ပံ့ ငွေနှင့်အာဟာရမုန့်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)