ကျုံပျော် ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧပြီ ၂၇ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူ (၁)သိန်း (၆)သောင်းကျော်ရှိပြီး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကောက်သင်းကောက်စနစ်ဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူ (၁၆၃၆၀၁)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၇၀၆၄)ဦး ရှိပြီဖြစ်ကာ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin ထိုးနှံပေးလျက်ရှိကြောင်း၊ ဧပြီ ၂၆ ရက်နေ့အထိ စုစုပေါင်း(၆၀၀)ဦးခန့် ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့ပေါ်ရှိ စာသင်တိုက်များတွင် သီတင်းသုံး နေထိုင်တော်မူကြသော အသက် ၁၅ နှစ် နှင့် ၁၈ နှစ်ကြားရှိ ရှင်သာမဏေနှင့် သီလရှင် ဆရာလေးများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား သွားရောက်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ တိုက်နယ် အသီးသီးမှ အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ကောက်သင်းကောက်စနစ်ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)