မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် နိုင်-၄မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယနေ့နံနက် (၁၀)နာရီ  အချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံးတွင် မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများမှ နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်း နေမှုအား ကြည့်ရှုအားပေးရာတွင် မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် တာဝန်ရှိသူများက မကွေးမြို့နယ် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)ရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများမှ နိုင်-၄မှတ်တမ်းများအား Excel Formatစာရင်း ရေးသွင်းပြီး စီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်းပြခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် စာရင်း ရေးသွင်းလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ယခုလာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မဲစာရင်း ပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်း မပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများ၏ တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းချင်းဖြစ်၍ ဂရုတစိုက် ဆောင်ရွက်စေလိုကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းအချင်းချင်း စည်းလုံး ရိုင်းပင်းကူညီစွာဖြင့် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

မကွေးမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဲစာရင်းတွင် မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် မဲစာရင်းတွင် နိုင်ငံသားနံပါတ်များ အပေါက်မဖြစ်စေရေးတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်-၄မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းလျက်ရှိရာ မကွေးမြို့နယ်အနေဖြင့် နိုင်-၄မှတ်တမ်းရေးသွင်းရန် လူဦးရေအနေဖြင့် စုစုပေါင်း (၃၂၈၆၄၅)ဦးရှိပြီး စာရင်းရေးသွင်းပြီးစီးမှုအနေဖြင့် (၁၄၈၂၂၂)ဦးအား စာရင်းရေးသွင်းပြီး ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)