နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း

နတ်မောက် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ငှက်ပျောပင်များရှင်သန်ပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ကတော့ ငှက်ပျောပင်စိုက်ပျိုးသူပါ။ စိုက်ပျိုးထားတဲ့ငှက်ပျောတွေကတော့ ဖီးကြမ်း ငှက်ပျောမျိုး တွေဖြစ်ပါတယ်။ ငှက်ပျောစိုက်ရာမှာ ကျင်းကိုနက်နက်တူးပြီး သဘာဝမြေဩဇာ ဖြစ်သည့် မြေဆွေး၊ နွားချေး တွေကိုထည့်ရပါတယ်။ ရေလောင်းရာတွင်လည်း ရေမြောင်းစနစ်ကို အသုံးပြုပြီး ရေမြာင်းကနေရေလွှဲ ပေးလိုက်ရင် ငှက်ပျောကျင်းတွေဆီရောက်ပြီး ရေကို (၂) နာရီ အကြာအထိ ရေလွှဲပေးထားရပါတယ်။ ကျွန်တော်စိုက်ပျိုးထားတဲ့ ငှက်ပျောပင်တွေကတော့ အပင် (၅၀၀) စိုက်ပျိုးထားပြီး အခုဆိုရင်ငှက်ပျောခိုင် တွေထွက်နေပါပြီ ငှက်ပျောသီးတွေ ရင့်မှည့်လာရင် စျေးကွက်တင်ပို့ ရောင်းချရရင်တော့ စျေးကောင်းရရှိဘို့ မျှော်လင့်ပါတယ်” ဟု ငှက်ပျော်စိုက် တောင်သူ ဦးကျော်ဌေးထံမှသိရသည်။

လှဝင်း