မင်းလှမြို့၌ ခရီးသွားပြည်သူများအား နိုင်ငံသားစစ်ဆေးကတ်(မှတ်ပုံတင်)ကိုင်ဆောင်သွားလာခြင်း ရှိ/ မရှိ စစ်ဆေး

မင်းလှ ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် ခရီးသွားလာပြည်သူများ နိုင်ငံသားစစ်ဆေးကတ်(မှတ်ပုံတင်)ကိုင်ဆောင်၍ ခရီး သွားလာခြင်း ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်စခန်းရှေ့၌ စစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များတို့က လုပ်ငန်းလိုအပ်ချက်အရ သွားလာနေကြသည့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်)မပါရှိဘဲ ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်သဖြင့် ခရီးသွားလာပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်)ပါ/မပါ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့၍ နောင်တွင်နိုင်ငံသားကတ် (မှတ်ပုံတင်) ယူဆောင်လာကြရန် အသိပေးပြောကြားခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)