ပဲခူး စက်တင်ဘာ ၃
ယမန်နေ့ နံနက်(၉) နာရီက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့၌ ပဲခူး ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ကာ နှာခေါင်းစည်း mask များ အခု (၅၀၀၀)ကျော်ကို ဖြန့်ဝေပေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကူးစက်မှုမှာ ပိုမိုများပြားလာပြီး အဆိုပါ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန် နည်းလမ်းများမှာ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရန်နှင့် အပြင်က ပြန်လာပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ လိုအပ်ကြောင်း၊ နေအိမ်အပြင်ထွက်တိုင်း Mask များ လုံခြုံစွာ တပ်ဆင်သွားလာသော အလေ့ အထကောင်းများ ရရှိစေရန် ပညာပေးအနေဖြင့် Mask များ အခမဲ့ပေးဝေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Mask များ တပ်ဆင်သွားလာ မှုမရှိပါက ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွား ဖို့ရှိကြောင်း ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)