တောင်တွင်းကြီးမြို့နယ်တွင် ရေရှားပါးသည့် ဝါးသုံးပြူးကျေးရွာသို့ သောက်သုံးရေများ အခမဲ့ဖြန့်ဝေ

တောင်တွင်းကြီး ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာပြည်သူများ လက်၀ယ်အရောက် သောက်သုံးရေဖြန့်ဝေပေးခြင်းကို အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ဝါးသုံးပြူးအုပ်စု၊ ဝါးသုံးပြူးကျေးရွာရှိ ပြည်သူများ၏ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး တစ်အိမ်ထောင်လျှင် ရေဂါလံ (၃၄) ဂါလံနှုန်းဖြင့် အိမ်ထောင်စု (၇၀) အတွက် ရေဂါလံ (၂၃၈၀) ဂါလံအား ကျေးရွာပြည်သူများ လက်၀ယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနသည် စိုက်ခင်းတည်ထောင်ခြင်း၊ သဘာ၀ တောကျန်များ ထိန်းသိမ်းကာကွယ်ရေး၊ ထင်းအစား အခြားလောင်စာအသုံးပြုရေး၊ ရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)