ငပုတော ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုပ္ပုံရေကျော်အုပ်စု၊ ရေကျော် ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးမှုအခြေအနေကို ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူတို့က ကာကွယ်ဆေး ထိုးနှံ ပေးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့သည် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ သက်ဆိုင်ရာ တာဝန်ရှိ သူများအား သတ်မှတ်ရက်အတွင်း ကာကွယ်ဆေးထိုးနှံပေးမှု အမြန်ဆုံးပြီးစီးနိုင်စေရေးနှင့် ဆေးထိုးရန် ကျန်ရှိနေသေးသော သူများကိုလည်း အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် မှာကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့သည် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ဆောင်ပေးနေမှု အခြေအနေကိုလည်ကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံး Oss တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (နိုင်-၄) အချက်အလက်များကို နည်းပညာ များ အသုံးပြု၍ Data Entry စာရင်းရေးသွင်းနေမှု အခြေအနေကိုလည်ကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ရွှေမြကွင်း၌ လဝကပုံစံ ၆၆/၆ ဖြင့် မဲစာရင်းများ ပြုစုရေး၊ ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာ တာဝန်သူများက ရှင်းလင်းတင်ပြခဲ့ ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
နုနုရီ(ငပုတောပြန်/ဆက်)