ငွေဆောင် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦး ပြုစုခြင်း (အခြေခံအဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ AMBO HOTEL ၌ ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင်ကြက်ခြေနီအသင်းခွဲငယ် ဥက္ကဋ္ဌ ဦးသိန်းဇော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဦးပြုစုနည်း တတ်မြောက်ထားပါက မိမိ၏ မိသားစုသာမက ပတ်ဝန်းကျင်ကိုပါ ကူညီ စောင့်ရှောက်နိုင်ကြောင်း သိရသည်။
ငွေဆောင်(ပြန်/ဆက်)