ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ချောင်းသာ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သော ရှေးဦးသူနာပြုစုနည်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အဖွင့်အမှာ စကား ပြောကြားပြီး ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကျော်ကျော်က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့ကြက်ခြေနီ သူနာပြုတပ်ခွဲမှူး ဦးသန်းဌေးက သင်တန်းတွင် သင်ကြားမည့် အစီအစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်တန်းကို စာတွေ့၊ လက်တွေ့ဆက်လက်သင်ကြားခဲ့သည်။

အဆိုပါ ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၂)သို့ ချောင်းသာမြို့အခြေခံပညာ အထက်တန်း ကျောင်းမှ Grade-8၊ Grade-9 နှင့် Grade-10 တို့မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)