မအူပင် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာများ သင်ယူနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်း ယခုလို အင်္ဂလိပ်စာ အခြေခံသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်နှင့် အညီ ဖွင့်လှစ်ပေးခြင်းအား ပြောကြားခဲ့ပြီး ဆက်လက်၍ လူငယ်အသင်းဥက္ကဋ္ဌ စဂျွန်ဖြိုးပိုင်က
အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့်အတွက် များစွာအသုံးဝင်ပြီး မိမိတို့ အတွက် အကျိုးကျေးဇူးရှိပါကြောင်း သင်တန်းဖွင့်ကာလမှ သင်တန်းဆင်းချိန်အထိ အချိန်ပြည့် တက်ရောက်သင်ကြားစေလိုကြောင်းသည့် သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အင်္ဂလိပ်စာအခြေခံကို ကြိုးစားသင်ယူကြ စေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ပြီး Grammar (4Skills)၊ General Knowledge စသည့် အင်္ဂလိပ်စာအခြေခံများကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ (၁)ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက် (မအူပင်)