ဆင်ပေါင်ဝဲမြို့တွင် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်

ဆင်ပေါင်ဝဲ ဧပြီ ၂၆

ဆင်ပေါင်ဝဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစု နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့၊အမှတ်(၁)အခြေခံ ပညာမူလတန်းလွန် ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ကြက်​ခြေနီအ​ကြောင်းသိ​ကောင်းစရာ၊ ​ရှေးဦးပြုစုအ​ခြေခံသ​ဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ​ရှေးဦးပြုစုခြင်း၊​ ရွေ့​ပြောင်းသွားလာသူများ အန္တရာယ်ကင်းစွာ ရွေ့​ပြောင်းသွားလာနိုင်​ရေး၊​ ဘေးကင်းလုံခြုံ​ရေးအသိပညာ​ပေး​ခြင်း ဒဏ်ရာများနှင့်​သွေးယိုစီးခြင်း၊ အပူ​လောင်ခြင်းနှင့် အရည်ပူ​လောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်​ကြောဒဏ်ရာများအ​ကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်​ဆောင်နည်းများ၊ အ​ခြေခံအသက်ကယ် အ​ထောက်ကူပြုနည်း အစရှိသည့် သင်ခန်းစာများကို မြို့နယ်ကြက်​ခြခြေနီသူနာပြုတပ်ဖွဲ့မှ သင်တန်းဆရာများက စာ​တွေ့၊ လက်​​တွေ့ သင်ကြား​​ဆောင်ရွက်ပြီး သင်တန်းသား၊ သင်တန်းသူ စုစု​ပေါင်း (၃၀) ဦး တက်​ရောက်သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာ ဧပြီ ၂၅ ရက်​​နေ့မှ ဧပြီ ၂၉ ရက်​နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချ​​ပေးမည်ဖြစ်​ကြောင်း သိရသည်။

နိုင်လင်း