တနင်္သာရီမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲပြုလုပ်

တနင်္သာရီ  ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/ သားများ အချိန်ကိုအကျိုးရှိစွာနှင့် လူမှုရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (/၂၀၂၂) ဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း၊ သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre အတွင်း ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအင်ကို၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒေါ်ဖြူဖြူခိုင်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက အဖွင့်အမှာစကားပြော ကြားပေးပြီး မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဒုတိယဥက္ကဋ္ဌ ဦးအင်ကိုက သင်တန်းဆင်း အမှာစကား ပြောကြားသည်။  ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက သင်တန်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အဆိုပါသင်တန်းမှ သင်တန်းသူ/သင်တန်းသား (၂၆) ဦးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ်မှ ချီးမြှင့်ပေးပို့သော သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်ကလည်းကောင်း၊ ၎င်းသင်တန်း တက်ရောက်ပြီးကြောင်း အသိအမှတ်ပြုလွှာများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးကလည်းကောင်း ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ပထမဒုတိယတတိယ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား () ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ဆုတံဆိပ် နှင့် ဂုဏ်ပြုလက်မှတ်၊ ငွေသားတို့ကိုလည်းကောင်း၊ အထူးဆုရရှိသည့် သင်တန်းသား () ဦးအား မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဒုတိယဥက္ကဋ္ဌ ဦးအင်ကိုကလည်းကောင်း အသီးသီး ချီးမြှင့်ပေး အပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများက စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကြောင်း သိရှိရသည်။ ၎င်းသင်တန်းသို့ အခြေခံပညာ ကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် အမျိုးသား () ဦး၊ အမျိုးသမီး (၁၇) ဦး စုစုပေါင်း သင်တန်းသူ/သား (၂၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ (၂၃) က်နေ့မှ (၂၅) ရက်အထိ () ရက်ဖြစ်ကြောင်း သိရှိရသည်။ 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)