အုတ်တွင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍အခြေခံပုံတူပန်းချီသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကလေးလူငယ်များ ကာယဉာဏစွမ်းရည်များဖွံ့ဖြိုး တိုးတက်စေရန်နှင့် သင်တန်းများဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာ ဦးသက်နှင်းမောင်မောင်ကအခြေခံပုံတူ ပန်းချီရေးဆွဲရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ မေ ၅ ရက်နေ့ထိ အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)