ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ပေး

ကြံခင်း ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်စားများအား ယနေ့ နံနက်(၆ )နာရီအချိန်တွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ဧပြီ(၂၁)ရက်နေ့မှစတင်ပြီး ထုတ်ပေးခဲ့ရာ ပင်စင်စားဦးရေ(၄၄၆)ဦး ထုတ်ပေးခဲ့ပြီး ယနေ့ ဧပြီ(၂၅)ရက်နေ့တွင် ကျန်ရှိနေသော ပင်စင်စားများအား ဆက်လက်ထုတ် ပေးလျက်ရှိဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့်သူ ဦးရေစုစုပေါင်း (၁၁၂၁)ဦးရှိရာ နိုင်ငံရေး ပင်စင်စား (၈၇)ဦး၊ မြို့ပြပင်စင်စား (၇၅၉)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၇၅)ဦးရှိပြီး ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်ထုတ်ပေးပြီး ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)