တောင်ငူမြို့ရှိ စက်သုံးဆီဆိုင်များအား ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

တောင်ငူ ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ  သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

"တောင်ငူမြို့ပေါ်မှာရှိတဲ့ စက်သုံးဆီရောင်းချနေတဲ့ဆိုင်တွေမှာ စက်သုံးဆီသိုလှောင်ထားရှိသော ပမာဏနှင့် ရောင်းချနိုင်ခြင်း ရှိ/မရှိ စစ်ဆေး ပါတယ်။ စက်သုံးဆီဆိုင်တွေမှာ သိုလှောင် ထားတဲ့ ဆီပမာဏပေါ်မူတည်ပြီး ဖွင့်လှစ်ရောင်းချနိုင်စေရန် စစ်ဆေးခြင်းဖြစ်ပြီး ရောင်းချခြင်း မရှိတဲ့ စက်သုံးဆီဆိုင်များလည်း အချက်အလက်များနှင့်တကွ တင်ပြပြီးမှသာ ရောင်းခွင့်ပိတ်ထားလို့ ရမှာပါ။ လက်ရှိမှာတော့ တောင်ငူမြို့နယ် အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင် ၂၂ ဆိုင်မှာ မိဘပြည်သူများအနေနဲ့ စက်သုံးဆီများကို စိတ်ချစွာဝယ်ယူလို့ ရပါတယ်” ဟု မြို့နယ်တာဝန်ခံ ဦးမြင့်သူက ပြောသည်။

အဆိုပါ စက်သုံးဆီရောင်းခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှအတူ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)