စလင်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကျင်းပ

စလင်း  ဧပြီ  ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်( ၅ )ရပ်နှင့် ဦးတည်ချက် ( ၉ )ရပ်ကို စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းမှာ ကျပ်ဘီလီယံ ၂၈၁.၀ သန်းဖြစ်၍ တိုးတက်မှုမှာ ၃.၂ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ဌာနများမှ ဆောင်ရွက်ရမည့်ကိစ္စ၊ တိုင်ဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့်ကိစ္စ၊ ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက်ရမည့်ကိစ္စဟူ၍ခွဲခြားပြီး ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြိုနယ် စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမမက စလင်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ ၆ လ တာကာလ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ်  အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်၊ နှစ်စဉ် ဒေသန္တရ စီမံကိန်း ဧပြီလမှ မတ်လအထိ ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းနိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးမင်းထွန်း တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများမှ ဦးစီးမှူးများထံ စလင်းမြို့နယ်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်များကို အသီးသီး လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။            

မောင်လွင်(စလင်း)