သာပေါင်း ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၄၂ ကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြား စာမေးပွဲစစ်ဆေးခဲ့သော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲ အောင်စာရင်းများကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများတွင် အောင်စာရင်းကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေငြာပေးထားရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ညီအကိုမောင်နှမတို့ လာရောက်ကြည့်ရှုလျက် ရှိကြသည်။
သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၄၀)ကျောင်းတွင် ဖြေဆို ကျောင်းသား (၁၁၂၁၇)ဦး၊ ကျောင်းသူ (၁၁၇၁၇)ဦး၊ ပေါင်း (၂၂၉၃၄)ဦး၊ အောင်မြင်ကျောင်းသား (၁၁၂၁၇)ဦး၊ ကျောင်းသူ (၁၁၇၁၇)ဦး၊ ပေါင်း (၂၂၉၃၄)ဦး ၁၀၀%၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁)ကျောင်းတွင် ဖြေဆိုကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၃၄)ဦး၊ ပေါင်း (၆၂)ဦး၊ အောင်မြင်ကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၃၄)ဦး၊ ပေါင်း (၆၂)ဦး၊ ၁၀၀%၊ ကိုယ်ပိုင်အခြေခံပညာသင်ကျောင်း (၁)ကျောင်းတွင် ဖြေဆိုကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၁၁)ဦး၊ ပေါင်း (၂၉)ဦး၊ အောင်မြင်ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၁၁)ဦး၊ ပေါင်း (၂၉)ဦး၊ ၁၀၀% စာမေးပွဲအောင်စာရင်းများ ကြေငြာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ်(KG) တန်းမှစ၍ (Grade-10)အတန်းအထိ အောင်စာရင်းများကို (ဧပြီလ ၂၄ ရက်မှ ၂၆ အထိ) (၃)ရက် ကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်မှ ရှင်းလင်းပြောကြားခဲ့သည်။
မျိုးဇော်သိန်း