စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့လမ်းများတွင် (LED) မီးလုံးများ တပ်ဆင်ဆောင်ရွက်ပေး

မြောင် စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့အဝင် မြောင်- ပရိမ္မ ကားလမ်းမကြီးဘေး ဝဲ/ ယာများတွင် (LED –Lighting ) (50 W) မီးလုံးများ တပ်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တပ်ဆင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

" ကျွန်တော်တို့ မြောင်မြို့အဝင်ကနေပြီးတော့ (LED ) မီးလုံး (50W) များ တပ်ဆင်ပေးနေပါတယ် ဒီမီးလုံးများကတော့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် မီးလုံးပေါင်း (၅၀) တန်ဖိုးအားဖြင့် ကျပ်သိန်း(၄၀)ကျော်ပါတယ် နောက်လာမဲ့ ဘက်ဂျက်နှစ်တွေမှာလည်း ဆက်လက် တပ်ဆင်ပေးသွားအုံးမှာပါ" ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ထင်မောင်မောင် က ပြောပြ၍သိရသည်။

မြောင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် မြို့မဈေးတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အညီဖြစ်စေရေး ဈေးရောင်းသူ၊ ဈေးဝယ်သူများအား နေ့စဉ် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ကိုကို(ပြန်/ဆက်)