စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ငွေဗိုက် (Ngwe Bike) Application တွင် စာရင်း ပေးသွင်းမှုများ ဆောင်ရွက်

ရွှေဘို စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ်သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ ထောက်ပံကြေး ငွေရယူနိုင်ရန် Google Play Storeနှင့် Apple Store တို့တွင် ငွေဗိုက်(Ngwe Bike) Application ကို download ရယူပြီး စာရင်းပေးသွင်းနိုင်ကြောင်းနှင့် နားလည်မှုမရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဘိုနေ့ကလေးထိန်းကျောင်းတွင် လူကိုယ်တိုင် အထောက်အထားနှင့် တကွ စာရင်းလာရောက်သွင်းပါက လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ ဖုန်း Application အတွင်း စာရင်းရေးသွင်းပေးလျက်ရှိကြောင်းသိရသည်။

ငွေဗိုက် (Ngwe Bike) Application တွင် စာရင်းသွင်းပေး နေမှုနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကိုယ်ဝန်ဆောင် မိခင်များစာရင်းပေးရာတွင် အဆင်ပြေချော့မွေ့အောင်ဆောင် ရွက်ပေးလျက်ရှိကြောင်း ယခုထောက်ပံ့ငွေသည် Covid-19 ကာလအတွင်း တစ်ကြိမ်သာထောက်ပံသော ငွေကြေး ဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေးလျှောက်ထားရက်မှာ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာ၁၅ ရက်နေ့ထိသာဖြစ်သဖြင့် Application တွင် မိမိအစီအစဉ်ဖြင့်ဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာန၏ အကူ အညီဖြင့်ဖြစ်စေ အထောက်အထားခိုင်ခိုင်လုံလုံဖြင့်လျောက်ထားနိုင်ကြောင်းသိရသည်။

သြဂုတ် ၁ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက် အတွင်းမွေးဖွားသည့် ကိုယ်ဝန်ဆောင်များ ငွေဗိုက် အစီအစဉ်တွင် အကြုံးဝင်ကြောင်းသိရသည်။

စိုးသီဟ(ရွှေဘို)