ဒိုက်ဦး စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးကျော်ဆန်းဝင်း နှင့်ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ မြို့နယ်စည်ပင် သာယာရေးဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က ဒိုက်ဦးမြို့ စည်ပင်သာယာဈေးကြီး နှင့် ဈေးပတ်ဝန်းကျင်၌ ရောင်းချနေ သည့် အလှကုန်ပစ္စည်းရောင်းချနေသောဆိုင် စားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များ၌ ဈေးကွက်အတွင်း၌ ဖြန့်ဖြူးရောင်းချ နေသည့် အလှကုန် ပစ္စည်းများသည် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သနပ်ခါး အမည်ခံ အလှကုန်များသည် စားသုံးသူကာကွယ်ရေး ဥပဒေအရထုတ်ပြန်ထားသော ညွှန်ကြားချက်များ ကုန်ညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များနှင့် စိစစ်၍ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)