ဘားအံမြို့နယ်တွင် မျိုးသန့်မျိုးစေ့ထုတ်မှု လုပ်ငန်းဆောင်ရွက်မှုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်

ဘားအံ စက်တင်ဘာ ၂

ကရင်ပြည်နယ်အတွင်း မျိုးသန့်မျိုးစေ့ထုတ်မှုလုပ်ငန်းများ ဆောင်ရွက်မှုအောင်မြင်ရေး၊ မျိုးစေ့ထုတ် အရည် အသွေး ပြည့်ဝရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်/ခရိုင်/မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာရှိ တောင်သူဦးတင်လှ၏ မျိုးစေ့ထုတ် (၅) ဧကစိုက်ခင်းအား စိစစ်ရေးအတွက် ကွင်းဆင်းခြင်း၊ ကွင်းဝန်ထမ်းများအား လက်တွေ့ပြသသင်ကြားခြင်းများကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးမှု (၈၁)ဧကရှိပြီး အဆိုပါနေ့က ပြည်နယ်မျိုးစေ့တာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်တာဝန်ရှိသူများက မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် ပေါင်းပါမှု၊မျိုးကွဲပါဝင်မှုများအား ကွင်းဆင်းစိစစ်ပေးခဲ့ပြီး အဆိုပါ စိစစ်မှုအပေါ် မျိုးစေ့ထုတ် အရည်အသွေးပြည့်ဝစေရေး ကွင်းဝန်ထမ်းများအားလည်း လက်တွေ့ပြသသင်ကြားခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်နေမျိုး