တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ

တနင်္သာရီ ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ  ၂၀၂၁-၂၀၂၂ ၊ ပညာသင်နှစ် အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စာမေးပွဲအောင်စာရင်းများ ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG) တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ)အား အတန်းလိုက်အောင်စာရင်းများကို ဧပြီလ(၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ) (၃)ရက်အကြာ ကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအပ်နှံမှုလက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)