ပခုက္ကူမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ကွင်းဆင်းကြီးကြပ်

ပခုက္ကူ  စက်တင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ(၉)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို ယမန်နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ကြ သည်။

ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများသည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူ မြို့နယ်၊ ညောင်ပင်၊ သရက်ပင်စု၊ အောင်သာ၊ ကန်ကြီးစု၊ ဖလံအို၊ ရေမျက်၊ သံဘို၊ စီကောင်းနှင့်ဖောင်းကွဲကျေးရွာ  စသည့် ကျေးရွာ (၉)ရွာတို့တွင် ကွင်းဆင်းကြပြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ အသေးစားအရောင်းအဝယ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့နှင့်ပတ်သက်သည့် စာရင်းဇယားများထိန်းသိမ်းထားရှိမှု၊ ချေးငွေလုပ်ငန်း တို့ကို ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။

ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP)အရ လုပ်ကွက်ငယ်တောင်သူ များ၊ စိုက်ပျိုးရေး၊မွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းသူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး များရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာမတည်ရန်ငွေစီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် စသည့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်ကြကြောင်းသိရသည်။       

ဆလိုင်းကိုကီး(ပြန်/ဆက်)