ဖောင်းပြင်မြို့နယ်၌ သီးထပ်စနစ်ဖြင့် စိုက်ပျိုးသော ဆီနေကြာများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင် ဧပြီ ၂၃

ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ ဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုး၊ ဖူးစားပြောင်းနှင့် နေ့စဥ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး ယင်းသီးနှံများ ရိတ် သိမ်းပြီးနောက်  ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် ဆီနေကြာများကိုစိုက်ပျိုးကြရာ အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်။

သီးထပ်စနစ်ဖြင့် စိုက်ပျိုးကြရာတွင် မြေ၏ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြပြီး  မြေအစိုဓာတ် လျှော့နည်းသွားခြင်းမရှိစေရန်အတွက်  အတန်းလိုက်အစေ့ချစိုက်ပျိုးမည်ဆိုပါက ထယ်ရေးတစ်စပ်ထိုး ကာ ချက်ချင်းထယ်စာချေ၍ အပင်ခြား ၆လက်မမှ ကိုးလက်မခန့်၊ အတန်းခြား ၂ပေခန့် ခြား၍ မြောင်း ပေးစိုက်ပျိုးကြောင်း၊ ပက်ကြဲ၍စိုက်ပျိုးမည်ဆိုပါက ထယ်ရေးတစ်စပ်ထိုးကာ မျိုးစေ့ပက်ကြဲပြီး ထွန်ရေးဖြင့် မျိုးစေ့အားပြန်လည်ဖုံးဖိပေးရကြောင်း ထိုမှသာလျင် မျိုးစေ့အပေါက်စုံနိုင်မည်ဖြစ်ကြောင်း တောင်သူဦးတင်အောင်ကပြေပြ၍သိရသည်။

စိုက်ပျိုးသည့် မျိုးအမည်မှာ ရေဆင်း()မျိုးဖြစ်ပြီး သက်တမ်း ၃လခွဲခန့်ရှိကြောင်း နေကြာမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်ရာစိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှဝယ်ယူကာ စိုက်ပျိုး ကြပြီး တစ်ဧကလျင် ၃ကီလိုပါရှိသည့် မျိုးစေ့ထုပ်သုံးထုပ်စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်း တင်း နှစ်ဆယ်မှ ၂၅တင်းအထိထွက်ရှိကြောင်း၊ အစိုဓာတ်အနည်းငယ်၌ အောင်မြင်ဖြစ်ထွန်းပြီး ရေသွင်းစိုက် ပျိုးနိုင်ပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ကြောင်း၊ လာမည့်နှစ်တွင်စိုက်ပျိုးနိုင်ရန် မျိုးအဖြစ်ပြန်လည်ရ ယူထားနိုင်ကြောင်း လက်တွေ့ စိုက်ပျိုးအောင်မြင်နေသည့် တောင်သူဦးတင်အောင်ထံမှသိရသည်။

ကိုထွန်း(ဖောင်းပြင်)