ကျိုက်ဒုံ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဩဂုတ်လ (၃၀) ရက် နံနက်ပိုင်းက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စာရင်းများကိုကပ်ထားကြေညာထားကြောင်း သိရပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ် အမှတ်(၃)နေရာတွင်(၆)ဦး၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် (၇)ဦး၊ ကရင်ပြည်နယ်လွတ်တော် မဲဆန္ဒနယ်တွင် ဗမာတိုင်းရင်း သားကိုယ်စားလှယ်(၁၀)ဦး၊ မွန်တိုင်းရင်းသားကိုယ်စားလှယ်(၈)ဦး၊ ပအိုဝ့်တိုင်းရင်းသားကိုယ်စားလှယ်(၉)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း(၄၆)ဦးစာရင်းအား ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ၊ ပြန်/ဆက်)