မအူပင် ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတို့ပူးပေါင်းပြီး အင်တာနက်နှင့် အင်တာနက်ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေးTalkShow တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အသိပညာပေးTalk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မအူပင်တက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်အောင်ခန့်ကျော်နှင့် ပူးပေါင်း၍ အင်တာနက်နှင့် အင်တာနက်ပေါ်မှ တိုက်ခိုက်မှုများ အကြောင်းနှင့် ပတ်သက်ပြီး ARPA အဖွဲ့အစည်း စတင်ဖွဲ့စည်းမှုနှင့် စတင်ဖြစ်ပေါ်လာပုံ၊ အင်တာနက် စတင်ပေါ်ပေါက်လာမှု အခြေအနေ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာ့ လူဦးရေနှင့် အင်တာနက်သုံးစွဲမှု အချိုးများအကြောင်း အင်တာနက် တိုက်ခိုက်မှုသည် စက်ပစ္စည်းတင်မက လူတွေ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအခြေအနေများ၊ Password ၏ စံနှုန်းများ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (MMCERT) ထံ တိုင်ကြားနိုင်မှုအခြေအနေများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး အသေးစိတ် ဆွေးနွေးချက်အား မအူပင်ခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မအူပင်)