ကရသူရိ ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာမြို့အဆင့်ဌာနဆိုင်ရာများပူပေါင်း၍ ရပ်ကွက်အတွင်း လှည့်လှည်နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကို မိဘပြည်သူများ ပူးပေါင်းပါဝင်ပေးကြပါရန်၊ အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း (Mask)ကိုတပ်ဆင်ပါ၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးကြောပေးပါ၊ နှာခေါင်းစည်း(Mask) တပ်ဆင်မထားသူများထံမှ ဈေးရောင်း/ ဈေးဝယ်ခြင်း မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ ကာကွယ်ဆေး သွားရောက် ထိုးနှံပေးကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များတိုင်း လိုက်နာနေထိုင်ရေးတို့ကို အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)