ပြည်ကြီးမဏ္ဍိုင်မြို့တွင်ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်   ဧပြီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ  အသိပေးချက်များကို  ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များ သို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ် သည့် အိုမီခရွန် ကူးစက်ပြန့်နှံ့မှု ရက်ပိုင်းအတွင်း အာဆီယံနိုင်ငံများသို့ ရောက်ရှိလာပြီဖြစ်၍  မိမိတို့ နိုင်ငံတွင်လည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း ၊မိဘပြည်သူများ အနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားလာခြင်း၊ပြင်ပထွက်တိုင်း နှာခေါင်းစည်း တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့် စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ ကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)