ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဖျာပုံ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး) ကစာရေးဆရာ မြသန်းတင့်ရေးသားသော " လမင်းကို ထရံပေါက်ကကြည့်ခြင်း "စာအုပ်မှ" လမင်းကို ထရံပေါက်ကကြည့်ခြင်း" ဆောင်းပါးမှ စာပေဖတ်ရှုခြင်းနှင့် ပတ်သက်၍ လူငယ်အရွယ်မှာ စာအုပ်စာပေ ဖတ်ခြင်းသည် လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့တူကြောင်း၊ လူလတ်ပိုင်းအရွယ်စာဖတ်တာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့တူကြောင်း၊ လူကြီးပိုင်းစာဖတ်တာ လမင်းကို လသာဆောင် ဝရန်တာပေါ်က တက်ကြည့်ရတာနဲ့တူကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးမှုအပေါ် တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)