လူဦးရေစာရင်းများ မှန်ကန်တိကျသည့် စာရင်းများရရှိရေး ကွန်ပျူတာဆော့ဝဲလ်စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေး စာရင်းသွင်းခြင်း များကို ဖြူးမြို့နယ်တွင် ဆောင်ရွက်

ဖြူး ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စစ်မှန်၍ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် မဲဆန္ဒရှင်စာရင်းများအား မှန်ကန်တိကျစွာ ရရှိရေးအတွက် လူဦးရေစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ စာရင်းအတိအကျ ရရှိရေးနှင့်  ပိုမိုတိကျမှန်ကန်သည့် တစ်ဦးချင်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့အား ကွန်ပျူတာဆော့ဝဲလ်စနစ်ဖြင့် စာရင်းသွင်းခြင်းများကို ဧပြီလ (၂၂) ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ ဖြူးမြို့၊မြို့နယ်ခန်းမတွင် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ စာရင်းသွင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ရုံးမှ ဦးဆောင်ကာအိုင်တီ နည်းပညာဖြင့် စာရင်းသွင်းခြင်းများကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် ဌာနဆိုင်ရာအလိုက် ကွန်ပျူတာ အသုံးပြုနိုင်သူများက သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက် နေကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)