မိုးသည်းထန်းစွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီး

ကျောင်းကုန်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ လယ်တီစုကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ‌မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်အုံးစိန်၏‌ ဓနိမိုး၊ ထရံကာ ဝါးအိမ် တစ်လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း ‌မြို့နယ်ထွေ/အုပ်ရုံးမှ သိရသည်။

အဆိုပါ သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် ကျား(၁)၊ မ(၄)၊ စုစုပေါင်း(၅)ဦးအား ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ခေတ္တနေရာချထားပေးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့  ပူးပေါင်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

"ညနေက လေတိုက်တာ တော်တော်ပြင်းတယ်၊ နေအိမ်က ဓနိမိုး၊ ထရံကာ ဝါးအိမ်ဆိုပေမယ့် လေရော မိုးရောရွာချတာ သစ်ကိုင်းပိတဲ့အတွက် ပြိုကျရတာ"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ဝင်းကြိုင်(ပြန်/ဆက်)