ကံမမြို့နယ်တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

ကံမ ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်အားကစားကွင်းတွင် ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ‌နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ကစတင်၍ နွေရာသီ အားကစားသင်တန်းများကို  ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။

ထိုသို့ နွေရာသီအားကစားသင်တန်းများ သင်ကြားပေးရာတွင် အခြေခံဘောလုံးသင်တန်း၊ ရိုးရာခြင်းလုံး သင်တန်းနှင့် စစ်တုရင်သင်တန်းတို့အား သင်တန်းသား၊ သင်တန်းသူ ၇၀ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၁၂)ရက်ကြာ သင်ကြားပို့ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်စိုးမိုးခိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)