မကွေးခရိုင် မြို့သစ်မြို့နယ်၏ ၂၀၂၂–၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်

မြို့သစ် ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖေါ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သော်သော်လှိုင်က ၂၀၂၂-၂၀၂၃ ဒေသန္တရစီမံကိန်း ရည်မှန်းချက်နှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ဒေသန္တရရည်မှန်းချက်တာဝန်များ အားကဏ္ဍအလိုက်ပေးအပ်ရာ လယ်ယာကဏ္ဍအား မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှလည်းကောင်း၊ သားငါးကဏ္ဍ အားမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်းကောင်း၊ သစ်တောကဏ္ဍအား သစ်တောဦးစီးဌာနမှလည်းကောင်း၊  လျှပ်စစ်ကဏ္ဍအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှလည်းကောင်း၊ ဆောက်လုပ်မှုကဏ္ဍအား လမ်းဦးစီးဌာနမှလည်းကောင်း၊ ပို့ဆောင်ရေးကဏ္ဍအား မြန်မာ့မီးရထားဌာနမှလည်းကောင်း၊ ဆက်သွယ်ရေး ကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်) မှလည်းကောင်း၊ ငွေရေးကြေးရေးလုပ်ငန်းအား မြန်မာ့စီးပွားရေး ဘဏ်မှ လည်းကောင်း၊ ရင်းနှီးမြုတ်နှံမှုကဏ္ဍအား မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှလည်းကောင်း အသီးသီးလက်ခံယူခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)