လှိုင်းဘွဲမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။    

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူးဦးလှမြင့်ဦးက မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တော သစ်ပင်ပြုန်းတီးမှု မရှိစေရန်အတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မြို့နယ်အတွင်းသဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ်သစ်ပင်များ ပျိုးထောင်ပေးမှုနှင့် ပျိုးပင်များ ဖြန့်ဝေမှု၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့၊ သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် ချမှတ်ထားသော ဥပဒေများ၊ ပြစ်ဒဏ်များ၊ သစ်တောသစ်ပင်များသည် ရေကြီးမှုနှင့်မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်းနှင့် ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောများပြုန်းတီးမှု မရှိစေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)