ညောင်တုန်းမြို့နယ်၌ ဈေးကွက်အတွင်းကုန်ပစ္စည်းများ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်စေရေးနှင့် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ညောင်တုန်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဈေးကွက်အတွင်း‌ ရောင်းချနေသည့် ကုန်ပစ္စည်းများ အလေးချိန်၊ ဈေးနှုန်းမှန်ကန်‌စေရေးနှင့် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့တွင်းရှိ ကုန်ပစ္စည်းရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှုရှိစေရေး၊ ဈေးမှန်စေရေးနှင့် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)