ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး

ပန်းတနော် ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှစတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဧပြီလ (၂၁)ရက်မှ (၃၀)ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ ညနေ (၃)နာရီအတွင်း ပင်စင်ငွေများကို ထုတ်ပေးလျက်ရှိသည်။

သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား မေလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ (၁၀၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)