ကန်ကြီးထောင့်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် ပင်စင်လစာငွေများ ထုတ်ပေး

ကန်ကြီးထောင့် ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက် ၈ နာရီမှစ၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းဦးရေ  (၉၅၁)ဦး ဖြစ်သဖြင့် လူစုလူဝေးမဖြစ် ပေါ်စေရန် အုပ်စုများခွဲခြား သတ်မှတ်ကာ အလှည့်ကျစနစ်ဖြင့် ထုတ်ပေးကြောင်း သက်ကြီးအငြိမ်းစားဝန်ထမ်းများအတွက် နားနေရန်နေရာ သတ်မှတ်ပေးထားကြောင်း၊ ဘဏ်ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ် တကျတပ်ဆင်ခြင်းတို့ ဆောင်ရွက် ကြောင်း၊ ပင်စင်လစာများကို ဧပြီလ (၂၁)ရက်မှ (၂၈)ရက်နေ့အထိ ဘဏ်ဖွင့်ချိန်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပြီး ဧပြီလ ၂၁ ရက်နေ့မှစတင်၍ ပင်စင်စား (၂၈၁) ဦးအား ပင်စင်လစာများ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)