ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး သူများအား Booster Dose ဆေး ဆက်လက်ထိုးနှံပေး

ဘားအံ ဧပြီ ၂၂

ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဘားအံမြို့ နယ်အတွင်းရှိ  ရပ်ကွက်နှင့်ကျေးရွာများတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ် (၈)နေရာတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက်ထိုးနှံပေးလျက်     ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်နေရာများဖြစ်သည့် မြို့ပေါ်တွင် အမှတ်(၆)ရပ်ကွက် ဒေသန္တရာဆေးပေးခန်း၊ အိန္ဒုတိုက်နယ်ဆေးရုံ၊ တောင်သူကုန်းကျေးရွာ၊ ရွှေတောကျေးရွာ၊ ကော့ သံခါကျေးရွာ၊ ဗျက္ခကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ကော့ကဒါကျေးရွာများတို့တွင် ကာကွယ်ဆေး မထိုးနှံရသေးသည့်  အသက်(၁၅)နှစ်နှင့် (၁၈)နှစ် ကြားပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များကို ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် (၁၈)နှစ်အထက်ပြည်သူ များအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသည့် (၆)လပြည့် အသက် (၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Doseဆေးများကို  စုရပ် များအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိမေးမြန်းခြင်း၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)