ကြံခင်း ဧပြီ ၂၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက အားကစားသိပ္ပံ(ရန်ကုန်)သို့ တတ်ရောက်ရန် သင်တန်းသား၊ သင်တန်းသူ ရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားသိပ္ပံ(ရန်ကုန်)သို့ တတ်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ ရွေးချယ်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါနှင့် တာဝန်ရှိသူများက ရွေးချယ်ခံမည့် ရွာသစ်တောင် (အ-ထ-က-၂) နှင့် ချင်းမြောင်း (အ-ထ-က) ကျောင်းတို့မှ သင်းတန်းသား၊ သင်တန်းသူ အားကစားသမား များနှင့် အတူ ဟင်္သာတခရိုင် အားကစားကွင်းတွင် ကြံခိုင်စွမ်းရည် (၅)မျိုး ယှဉ်ပြိုင်ပြီး ရွေးချယ်ခဲ့ရာ ရွာသစ်တောင်(အ ထ က-၂)ကျောင်းမှ သင်တန်းသား(၁)ဦးနှင့် ချင်းမြောင် (အ-ထ-က) ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ(၃)ဦး ရွေးချယ်ခံရကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)