ဘုရားသုံးဆူ ဧပြီ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ် (၄) ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မဖြစ်မနေအပြင် ထွက်ခွာ ပါက ပါးစပ်နှင့် နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန်၊ နှာချေ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးရန်၊ လက်ကိုမကြာခဏ စက္ကန့် ၂၀ ကြာဆေးရန်၊ မိမိတို့နေအိမ်ရှိ ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားမိပါက အနီးစပ်ဆုံးကျန်းမာရေးဌာနသို့ အကြောင်းကြားရန်နှင့်ကိုးဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြတ်တောက်စေရေး အတွက် ကိုးဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များ အတိုင်းကိုဗစ် ကာကွယ် ဆေးထိုးနှံမှုများ အကြိမ်ပြည့်မပျက် မကွက်ထိုးနှံမှုခံယူကြရန်စသည့် အသိပညာပေး နှိုးဆော် များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)