ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ‌ပေး

ဝါးခယ်မ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လမ်းသမိုင်ရွာလေးကျေးရွာအုပ်စု၊ ငှက်ကျကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာအုပ်စုနှင့် ညောင်ငူကျေးရွာအုပ်စု၊ ကျုံပျော်‌‌ကျေးရွာဘုန်းကြီး‌ကျောင်းတို့တွင် လူစုစည်းရုံး‌ခေါ် ယူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသ‌ရေးကော်မတီနှင့် ပူး‌ပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း