တောင်ငူ ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော တည်ဆောက် ရေးလုပ်ငန်းများအတွက် ပစ္စည်း /လုပ်ငန်း အိတ်ဖွင့်တင်ဒါများ ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်အောင်ဖြိုးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အိတ်ဖွင့်တင်ဒါများ ခေါ်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တင်ဒါဖွင့်ပွဲသို့ တက်ရောက်ကြသည့် လုပ်ငန်းရှင်များက စျေးပြိုင်စနစ်ဖြင့် အသီးသီး အဆိုပြုလွှာများ လျှောက်ထားကြကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)